ချောင်းသာ ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ်အန္တရာယ်ကာကွယ် ကင်းရှင်းရေးအတွက် ယနေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူ များအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ်အန္တရာယ် ကာကွယ် ကင်းရှင်းရေး ကြည့်ရှုစစ်ဆေးရာတွင် မြို့အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့လျှပ်စစ်အင် ဂျင်နီယာဌာန၊ မြို့မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်း ထားမှုရှိ/မရှိ စစ်ဆေးခြင်း၊ ဟောင်းနွမ်း ဆွေးမြေ့သောဓာတ်ကြိုးများ အသစ်လဲလှယ် ရန်နှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရေး၊ လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲရေး အတွက် LED ဝပ်အားနည်း မီးသီးများပြောင်းလဲသုံးစွဲရေးနှင့် မီးသတ်ဆေးဘူး ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)