ခရမ်း ဇူလိူင် ၂၇
လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရန်နှင့် မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)ပါ အချက်အလက်များအား ဆော့ဖ်ဝဲလ်နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်းများ အချိန်မီရေးသွင်းပြီးစီးရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ စာရင်းရေးသွင်း ဆောင်ရွက်နေမှုများအား ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့် တာဝန်ရှိသူများအဖွဲ့က ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ မြို့နယ် ဦးစီးမှူး ဦးမောင်မောင်သန်းက အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပါ အချက်အလက်များနှင့် ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံးစာရင်းများ ယနေ့ထိ စာရင်းရေးသွင်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲက စာရင်းများ မှတ်တမ်းဖြည့်စွက်ရေးသွင်းခြင်းနှင့် မြေပြင်လူဦးရေစာရင်းများ ရေးသွင်းမှုတွင် အမှားအယွင်း မဖြစ်ပေါ်စေရေးနှင့်သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဆော့ဖ်ဝဲလ်နည်းပညာအသုံးပြုပြီး အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)များ တိုက်ဆိုင်စိစစ်၍ စာရင်းရေးသွင်းခြင်းလုပ်ငန်းကို တစ်မြို့နယ်လုံးအနေဖြင့် စာရင်းဖြည့်သွင်းရမည့် အိမ်ထောင်စုပေါင်း (၆၀၀၁၄)စုရှိ၍ ယနေ့ထိ အိမ်ထောင်စုပေါင်း (၃၉၁၆)ဦး ဖြည့်သွင်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး နေ့စဉ်ဖြည့်သွင်း ဆောင်ရွက်သွားနိုင်ရေး ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဦးစီးမှူးဦးမောင် မောင်သန်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမင်း