သတင်းများ

မလစ်အနောက်ကျေးရွာအုပ်စုတွင် တတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၃၀၅) ဦးထိုးနှံ
Jul 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ အသက်(၁၅)နှစ်မှအသက်(၁၈)နှစ်နှင့်အထက် ဒေသနေ ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Boooster အပိုထပ်ဆောင်း ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက မလစ်အနောက် ကျေးရွာအုပ်စုတွင် တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်စု တာဝန်ရှိသူများတို့က ကာကွယ်ဆေးထိုးရန် လာရောက်သည့် ပြည်သူများအား စာရင်းရေးသွင်းပေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် ပြောင်းဖူးစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုဝင်ငွေ ရရှိ
Jul 28,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချင်းတောင်ကျေးရွာမှ ပြောင်းဖူးစိုက်ပျိုးသူများသည် အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ မိသားစုဝင်ငွေရရှိကြောင်းသိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂) တက်ရောက်
Jul 28,2022
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂) ကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ အထူးဖိတ်ကြား ထားသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
လွိုင်ကော်မြို့၌ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်း
Jul 28,2022
၂၀၂၂ ခုနှစ်၊ သြဂုတ်လ(၁) ရက်နေ့တွင် စတင်အကောင်အထည်ဖော်မည့် တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် က လွိုင်ကော်မြို့၊ ကယားပြည်နယ် တရားလွှတ်တော်ရှိ ရွှေကိန္နရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP)ဖြင့် ကျေးရွာ(၁၃)ရွာတို့တွင် ရန်ပုံငွေများထုတ်ချေး
Jul 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာ(၁၃)ရွာတို့တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလည်ပတ် ရန်ပုံငွေများကို နေချင်းပြီး ပြန်ဆပ်/ထုတ်ချေးစနစ်ဖြင့် ရာနှုန်းပြည့်ထုတ်ချေးပြီးဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
နတ်တလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုးရေးချေးငွေများ ထုတ်ချေးပေး
Jul 28,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မြို့နယ်အတွင်းရှိ အချိန်စေ့ချေးငွေပြေကျေပြီးသည့် လယ်သမားများသို့ မေလမှစတင်၍ ၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ဇူလိုင်လ ၂၈ရက်အထိ ရပ်ကွက်/ ကျေးရွာအုပ်စု ၄၀မှ လယ်သမား ၄၆၂၁ ဦးသို့ ၂၇၉၀၅ ဧက အတွက် ချေးငွေပေါင်း ၄၁၈၅၇ ဒဿမ ၅သိန်း ထုတ်ချေးပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးနှင့် အခြေခံပညာကျောင်း(၂) ကျောင်းတွင် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းဆောင်ရွက်
Jul 28,2022
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးနှင့် အခြေခံပညာကျောင်း (၂)ကျောင်းတွင် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းအား ယမန်နေ့ညနေ ၅ နာရီတွင် ဆောင်ရွက်ခဲ့သည်။
ပန်းလှိုင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ခုနှစ်သိန်းကျော် ငါးမျိုးစိုက်ထည့်ပေးခဲ့
Jul 28,2022
ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည် ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများရေရှည် စားသုံးနိုင်ရန်ရည်ရွယ်ကာ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ကျွန်းငူကမ်းနားရှိ ပန်းလှိုင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ခုနှစ်သိန်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။