သတင်းများ

၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊အက၊အရေးအတီးပြိုင်ပွဲ ခရိုင်အဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်
Jul 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမ၌ ၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊အက၊အရေးအတီးပြိုင်ပွဲ ခရိုင်အဆင့်ကို စက်တင်ဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
ဆီဆိုင်မြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ပလပ်စတစ်ကင်းစင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ပလပ်စတစ်ကင်းစင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပြီးစီး
Jul 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ နေ့နံနက်ပိုင်းက စတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ချောင်းကောင်းကျေးရွာအုပ်စုနှင့် လေသာတောင်ကြီး ကျေးရွာအုပ်စုရှိတောင်သူ (၁၅၃)ကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ BA-4, BA-5 ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်
Jul 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ ပြည်- ပေါက်ခေါင်း-တောင်ငူ လမ်းဆုံနေရာ၌ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးကွဲ BA-4, BA-5 ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဌာနများစုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်းတယမြို့၊ အော်ယောဘုန်းတော်ကြီးကျောင်း ပရိဝုဏ်အတွင်း ဘိလပ်မြေကွန်ကရစ်ခင်းခြင်း ကိုယ့်အားကိုယ်ကိုးဆောင်ရွက်
Jul 28,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ အော်ယောဘုန်းတော်ကြီးကျောင်း၊ ပေ ၃၀၀ ပတ်လည် ဝန်းကျင်ရှိ ကျောင်းပရိဝုဏ်အတွင်း ဘိလပ်မြေ ကွန်ကရစ်ခင်းခြင်းအား အော်ယောဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်မှ ဦးဆောင်၍ ရပ်ကွက်နေပြည်သူများမှ ထည့်ဝင်လှူဒါန်းမှုဖြင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်လျက်ရှိသည်။
သာယာဝတီခရိုင်အဆင့် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူးပြီး ခရိုင်အဆင့် ဌာနဆိုင်ရာများစုပေါင်း၍ ၂၀၂၂-ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့နယ်၊ ကျိုက်ထိုဇောတိကာရုံကျောင်းတိုက်၌ ကျင်းပကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jul 28,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ် အထက်ရှိပြီး၊ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခြင်း ၆ လပြည့်ပြီးသည့် မြို့နယ်နေ ပြည်သူများအား ယနေ့နံနက် ၉ နာရီမှစ၍ ခနောင်တိုအနောက် ရပ်ကွက်ရှိ မင်္ဂလာမဟာ ဝိသုတာရာမကျောင်းတိုက်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ပဲခူးမြို့နယ်အတွင်း မဲစာရင်းမှန်ကန်ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ပါ အချက်အလက်များအား သတ်မှတ်ရက်ထက် စောလျင်စွာပြီးစီးနိုင်ရေး ဖြည့်သွင်းဆောင်ရွက်နေမှု ကြည့်ရှုစစ်‌ဆေး
Jul 28,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပဲခူးမြို့နယ်အတွင်းရှိ နေရာ(၃)နေရာ၌ မြို့နယ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများအားလုံးအတွက် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရန် မဲစာရင်းမှန်ကန်ရေးအတွက် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆)ပါ အချက်အလက်များအား ကွန်ပျူတာအလုံး (၆၀)ဖြင့် သတ်မှတ်ရက်ထက် စောလျင်စွာပြီးစီးနိုင်ရေး နေ့ဆိုင်း/ညဆိုင်းအဖွဲ့ခွဲ၍ ဖြည့်သွင်း ဆောင်ရွက်နေခြင်းကို ယနေ့နံနက်ပိုင်းက ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နှင့်အတူ လိုက်လံကြည့်ရှုခဲ့ကြသည်။