ကမာရွတ်မြို့နယ်တွင် ပညာ​ရေးတက္ကသိုလ် တက်​ရောက်​နေ​​သော ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ကမာရွတ် ဇူလိုင် ၃၀

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာ​ရေးတက္ကသိုလ်တွင် တက်​ရောက်ပညာသင်ကြား​နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ယ​နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ ရန်ကုန်ပညာ​ရေးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဝန်ထမ်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

ဆက်လက်၍လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ​ဆေးများ ထိုးနှံ​နေမှုအား မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​ကောင်းမြင့်သူ၊ မြို့နယ် တာဝန်ခံဆရာဝန် ဒေါက်တာသင်းသင်းနိုင်နှင့် သက်ဆိုင်ရာ​ကျောင်းမှ ပါ​မောက္ခနှင့်ဆရာ ဆရာမများမှ ကြည့်ရှုအား​ပေးခဲ​ကြောင်း သိရှိရပါသည်။

စိမ်းလဲ့