မိုင်းဖြတ်မြို့နယ်၌  ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

မိုင်းဖြတ်  ဇူလိုင် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က အမှာစကားပြောကြားပြီးနောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်းက ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များဖြစ်သည့် ငလျင်ဘေး အတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ် လိုက်နာရမည့်အချက်များ၊ ငလျင်လှုပ်နေစဉ် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့် အချက်များကို ရှင်းလင်းဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ဟောပြောပွဲသို့တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများအား အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)