ရမည်းသင်း ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရမည်းသင်းခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲတွင် ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက အသက်မွေးဝမ်းကျောင်း အိမ်တွင်းမှုအတတ်ပညာဖြင့် အလုပ်အကိုင်များ ဖန်တီးပြီးသွင်း ကုန်အစားထိုး စားသောက်ကုန်များကို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသစ်များဖြင့် တန်ဖိုးမြှင့် စားသောက်ကုန်များ တစ်နိုင်တစ်ပိုင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချကာ မိသားစုဝင်ငွေရရှိနိုင်ရေးနှင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်းတို့ကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက သင်တန်းဆင်လက်မှတ်များကို ချီးမြှင့်ပေးအပ်ရာ သင်တန်းသူ မနန်းဝတ်ရည်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါသင်တန်းကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးချမ်းသူက သင်တန်းသူ(၂၀)အား ဇူလိုင်၂၅ရက်မှ ၂၉ ရက်နေ့ထိ စပျစ်ယို၊ နာနတ်ယို၊ ကျောက်ဖရုံယို၊ သရက်ယို၊ ခရမ်းချဉ်ယို၊ နာနတ်ဖျော်ရည်၊ မန်ကျည်းအနှစ်ဖျော်ရည်၊ သရက်ဖျော်ရည်နှင့် ခရမ်းချဉ်ဆော့စ်ပြုလုပ်နည်းတို့ကို စာတွေ့၊လက်တွေ့ဖြင့် သင်ကြားပို့ချခဲ့ဖြစ်ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)