စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အင်မထီးကျေးရွာ ပြန်လည်ထူထောင်ရေးနေအိမ်များ ဆောက်လုပ်ခြင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 02,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုနှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲကော်မတီ၏ ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အင်မထီးကျေးရွာ ပြန်လည်ထူထောင်ရေးနေအိမ်များ ဆောက်လုပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မုံရွာမြို့ကုတင် (၅၀၀)ဆံ့ ပြည်သူဆေးရုံးခန်းမ၌ ကျင်းပပြုလုပ်ရာအင်မထီးကျေးရွာ ပြန်လည် တည်ဆောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၁၀)မှ တာဝန်ရှိသူများ၊ တင်ဒါအောင်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။