ဂွ သြဂုတ် ၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် သြဂုတ်လ(၁)ရက်နေ့လည်ပိုင်း အချိန်က မြို့မရပ်ကွက် ကမ်းခြေဦးတွင် ပန်းခင်းစီမံချက်အဆင့်(၂)၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မြေပြင်ကွင်းဆင်း ဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျေးလက်နေ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားကတ် အလွယ်တကူ ကိုင်ဆောင်ခွင့်ရရှိစေရန် ရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဂွမြို့နယ် ဦးစီးမှူးရုံးမှ လဝက ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့မရပ်ကွက်အတွင်းရှိ ကမ်းခြေဦးနေ ပြည်သူ ကျား(၁၂) ဦး၊ မ(၁၉) ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် ပန်းခင်းစီမံချက်အဆင့်(၂)၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မြေပြင်ကွင်းဆင်း ဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်