သတင်းများ

အသက်(၂)နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး
Aug 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌  မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့စနစ်တကျ ငှားရမ်းပေး
Aug 04,2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေး၊ ကျန်းမာရေး စီးပွားရေး၊ လူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ် စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာ‌စောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဇနီး ဦးဆောင်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များက မြစ်ကြီးနားမြို့ပေါ် ဘုန်းတော်ကြီးသင်စာသင်ကျောင်းနှင့် IDPs စခန်းသို့ အာဟာရနှင့်ထောက်ပံ့ပစ္စည်းများ သွားရောက်ထောက်ပံ့
Aug 04,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် နေရပ်စွန့်ခွာ ယာယီစခန်းနေပြည်သူများအား အာဟာရနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဝါးခယ်မမြို့ လှေကျင်းရပ်ကွက်နှင့် မြသိန်းတန်ရပ်ကွက်များသို့ ပုံစံ၆၆/၆လိုအပ်ချက်များနှင့် နိုင်ကတ်ထပ်သူများ၊ မွေးသက္ကရာဇ် မပြည့်စုံသူများအား ကွင်းဆင်းစစ်ဆေး
Aug 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်  လှေကျင်းရပ်ကွက်နှင့် မြသိန်းတန်ရပ်ကွက်များသို့ ပုံစံ၆၆/၆လိုအပ်ချက်များနှင့် နိုင်ကတ်ထပ်သူများ၊ မွေးသက္ကရာဇ်မပြည့်စုံသူများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား အချိန်မီပြီးစီးရေး ကြည့်ရှုစစ်ဆေး
Aug 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား အချိန်မီပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက ယမန်နေ့နံနက်(၉)နာရီကကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းခြင်းဆောင်ရွက်
Aug 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ် စာစောင် များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  ပလောက်နယ်မြေမီးသတ်စခန်းနှင့် စာတိုက်ရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစိုးရနည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် မူးယစ်ဆေး၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ အသိပညာပေးဟောပြောပွဲပြုလုပ်
Aug 04,2022
မန္တလေးတိုင်းဒေသကြီး၊ အစိုးရနည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ယမန်နေ့မွန်းလွဲ(၂)နာရီက မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမ်းခရိုင်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 04,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်စီမံအုပ်ချုပ်ရေးချုပ်အဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။