ချောင်းဆုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားစိုက်ဧက၏ (၉၅) ရာခိုင်နှုန်း (၆၁၇၈၃)ဧက စိုက်ပျိုးပြီးစီး

ချောင်းဆုံ သြဂုတ်၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တောင်သူဦးကြီးများ စားနပ်ရိက္ခာဖူလုံ၍ ဝင်ငွေတိုးပွားလာစေရန်အတွက် စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်းပြည်ပ စျေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကုန်ကြမ်းသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မျှော်မှန်း၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ ဇူလိုင်လ ၃၁ ရက်နေ့အထိ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားဧက၏ (၉၅) ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၆) စုတွင် နှစ်စဉ် မိုးစပါးစိုက်ပျိုးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်အတွင်း မိုးစပါးဧက (၆၅၁၀၅)ဧက စိုက်ပျိုးနိုင်ရန် လျာထားပြီး၊ လက်ရှိအချိန်အထိ စိုက်ပျိုးမြေ ပြင်ဆင်ပြီးမှု (၆၄၇၁၈) ဧကရှိပြီးဖြစ်ကြောင်း၊ စပါးပျိုးထောင်ပြီးစီးမှု (၆၄၃၀) ဧကနှင့် မိုးစပါးစိုက်ပျိုးပြီးစီးမှုမှာ (၆၁၇၈၃) ဧက ရှိပြီးဖြစ်သည့်အတွက် ယခုနှစ် လျာထားဧက၏ (၉၅) ရာခိုင်နှုန်းကို စိုက်ပျိုးနိုင်ပြီးဖြစ်ကြောင်း ကျန်ရှိသည့် စိုက်ဧက (၃၃၂၂) ဧကကို အချိန်မီစိုက်ပျိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သူဇာ(ချောင်းဆုံ )