ပေါင်မြို့နယ်တွင် အသက်(၂)နှစ်​အောက် က​လေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး

ပေါင် ဩဂုတ် ၂

မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ် ကျန်းမာ‌ရေးဦးစီးဌာနမှ တာဝန်ကျ ဆရာမများက မွေးစမှ အသက်(၂)နှစ်‌အောက် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာ၊ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင်ရောဂါ၊ ပိုလီယို ရောဂါများကို ကာကွယ်နိုင်ရန်အတွက်   ကာကွယ်ဆေးထိုးနှံခြင်း/ တိုက်ကျွေးခြင်းတို့ ကို ​ရပ်ကွက်/​ကျေးရွာများအလိုက် ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

မွန်မလေး