သတင်းများ

မအီမြို့တွင် စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေး      
Aug 08,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စည်ပင်သာယာရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာကုမ္ပဏီများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၂း၀၀ အချိန်က မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ သံပုရာတစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းမှ ဈေးကွက်အတွင်းရောင်းချနေရသည်ထိ အောင်မြင်ဖြစ်ထွန်းနေ
Aug 08,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများသည် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့် တောင်သူများဖြစ်ကြပြီး ယခုအခါ မြေအောက်ရေတူးဖော်ကာ ဥယျာဉ်ခြံမြေလုပ်ငန်းကိုလည်း တွဲဖက်လုပ်ကိုင်လာကြသည့် တောင်သူများပြားလာကြောင်း သစ်ထောင့်ကျွန်းကျေး ဦးအေးကိုမှ ပြောကြားသည်။
မုံရွာမြို့တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ဆုချီးမြှင့်ပွဲကျင်းပ
Aug 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် မုံရွာမြို့တွင်  ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က မုံရွာမြို့၊ မြသလ္လာခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ လူမှုဖူလုံရေးဥပဒေနှင့်အညီ လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရှိသူ ၁၁၈၃ ဦးအတွက် ငွေကျပ် ၁၄၈၉ သိန်းကျော်ကိုထုတ်ပေး
Aug 08,2022
မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်များမှ လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရှိသူ ၁၁၈၃ ဦးအတွက် ငွေကျပ် ၁၄၈၉ သိန်းကျော်ကို ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ သိရသည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Aug 08,2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်း မြို့နယ်ရှိ ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာ၌ ဘောလုံးဒိုင်လူကြီးသင်တန်း (၁/၂ဝ၂၂)ဆင်းပွဲအခမ်းအနားကျင်းပ
Aug 08,2022
မိတ္ထီလာ၌ ခရိုင်အားကစားနှင့်ကာပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သော ဘောလုံးဒိုင်ကြီးသင်တန်း (၁/၂ဝ၂၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ခရိုင်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပကြောင်း သိရသည်။
ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ မြန်မာအက္ခရာစာလုံးဖောက်နည်းသင်တန်းဖွင့်လှစ်
Aug 08,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊၌ မြန်မာအက္ခရာစာလုံးဖောက်နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်ကသင်တန်းဖွင့်လှစ်ခဲ့ကြောင် းသိရသည်။
ကန့်ဘလူမြို့နယ်တွင် စက်မှုကုန်ကြမ်းသီးနှံ ဝါမျိုးစေ့ထုတ်ကွက် ၅၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီး
Aug 07,2022
တောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ပြီး တောင်သူ ဦးကြီးများ ဝင်ငွေတိုးပွားစေရေး၊ လယ်ယာထွက်ကုန်များ စျေးကွက်တွင်ယှဉ်ပြိုင်နိုင်ရေးတို့ကို ရည်ရွယ်လျက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ယခုနှစ်တွင် စက်မှုကုန်ကြမ်းသီးနှံ ချည်မျှင်ရှည်ဝါမျိုး စေ့ထုတ်ကွက် ဧက ၄၀ လျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ ၅၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။