သတင်းများ

ခရိုင်အလိုက် အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် မောင်အောင်ကောင်းပြည့်အား  ဂုဏ်ပြုဆုချီးမြှင့်
Aug 16,2022
၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲတွင် လားရှိုးခရိုင်ကိုယ်စားပြု ရွှေတံဆိပ်ဆုရရှိခဲ့သည့် မောင်အောင်ကောင်းပြည့်အား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Aug 16,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်း ပေးကြသည်။
သပိတ်ကျင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်းထမ်းများနှင့် ဝန်ထမ်းမိသားစုများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster. Dose ထိုးနှံပေး
Aug 16,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ထိုးနံပေးလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Aug 16,2022
ကျေးလက်နေပြည်သူများအနေဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မြင့်မားလာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊
ဓနုဖြူမြို့နယ်တွင် တရားမဝင် ကုန်စည်များ သယ်ဆောင်ခြင်း မရှိစေရေးနှင့် စက်သုံးဆီ မပြတ်လက်စေရန် လက်ကျန်အခြေအနေတို့အား ကွင်းဆင်းစစ်ဆေး
Aug 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် တရားမဝင်ကုန်စည်များ သယ်ဆောင်ခြင်း မရှိစေရေးနှင့် စက်သုံးဆီမပြတ်လတ်စေရန် လက်ကျန်အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းကဆောင်ရွက်ခဲ့သည်။
တကောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေး
Aug 16,2022
မန္တလေးတိုင်းဒေသကြီး၊  တကောင်းမြို့ အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျှင်အမြန်ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာကျောင်းများရှိ သတ်မှတ်စုရပ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။   
မိုင်းယောင်း၌ မြေငှားဂရန်အတွက် လျှောက်ထားမြေနှင့်ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်
Aug 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြေငှားဂရန်အတွက်
အင်တောမြို့၌ စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းကျင်းပပြုလုပ်
Aug 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့၌ စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။