သတင်းများ

မိုင်းလုံမြို့တွင် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်/စာစောင် ဌားရမ်း၊ ဖတ်ရူသူ နေ့စဉ်များပြား
Aug 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများက ပြည်သူများ အသိပညာဗဟုသုတတိုးပွါးစေရန် စာအုပ်/စာ‌စောင်များဌားရမ်း‌ရာ နေ့စဉ်စာကြည့်တိုက်တွင် လာရောက်ငှားရမ်းသူများပြားလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Season-2 (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲ အခမ်းအနား တက်ရောက်
Aug 18,2022
မကွေးတိုင်းဒေသကြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် “တူယှဉ် နွှဲပျော် ဂီတပွဲတော်” Season-2 တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမ္မာန်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များနှင့် ပြိုင်ပွဲဝင်တေးသီချင်းဆို ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ
Aug 18,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီက တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မနောသုခဆန်များ ရောင်းချ
Aug 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးရွာအုပ်စု (၃)အုပ်စုနှင့် မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်တို့အား ယမန်နေ့ နေ့လယ်ပိုင်းက မနောသုခဆန်များ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မိုးအဆက်မပြက်ရွာသွန်းခဲ့မှုကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ရေဝင်ရောက်လျက်ရှိသော ရပ်ကွက်များရှိ ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့
Aug 18,2022
ရန်ကုန်တိုင်းဒေသကြီးတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၁၂၅)ရပ်ကွက်တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ ၎င်းရပ်ကွက်ရှိပြည်သူများသို့ စားသောက်ဖွယ်ရာများဖြစ်သော ထမင်း၊ ဟင်းများ ထောက်ပံ့လှုဒါန်းခြင်းကို ယမန်နေ့ညနေပိုင်း (၅)နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် “ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါအကြောင်းသိကောင်းစရာ”ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်
Aug 18,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျွဲ၊ နွားအရေပြား အကျိတ်နာရောဂါအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၌ ဒေသအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ဒေသဖွံ့ဖြိုးမှုလုပ်ငန်းများကွင်းဆင်းစစ်ဆေး
Aug 18,2022
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်နှင့်အတူအဖွဲ့ ဝင်ဦးခင်ဇော်လှိုင်၊ နမ့်ဆန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာဒေါ်သဲစုမွန်တို့က
လှိုင်းဘွဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှအသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Aug 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက် ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့သည်။