Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ကျိုက်မရောမြို့နယ်တွင် မြစ်ရေမြင့်တက်မှုကြောင့် ရေနစ်မြှပ်လျက်ရှိသော နေအိမ်များနှင့် ရေဘေးရှောင်ပြည်သူများအား ဆန်နှင့် စားသောက်ကုန်များ ထောက်ပံ့ပေး
Aug 18,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် သြဂုတ် ၁၆ ရက်က မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်း၍ အတ္တရံမြစ်ရေ တက်လာသဖြင့် မြစ်ကမ်းနားဘေးရှိ နေအိမ်များနှင့် အနိမ့်ပိုင်းရပ် ကွက်များရှိ လူနေအိမ်များ၊ ကလိုင်းကျေးရွာ၊ ပက်ကလက် ကျောက်တောင်လမ်းမကြီးရှိ ရွှေ့ပြောင်းလုပ်သား နေအိမ်များသို့ ရေများဝင်ရောက်နစ်မြှပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်
Aug 18,2022
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၊ နောင်ပွန်းကျေးရွာရှိ စီးပွားဖြစ် ကြံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Aug 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံရှမ်းတိုင်းရင်းသားများသည် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ နောင်ပွန်းကျေးရွာရှိ တောင်သူဦးစိုင်းအင်းတဖုန်း၏ စီးပွားဖြစ်စိုက်ပျိုးထားသော ကြံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွက် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများ အဆိုပြုလျာထားရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 18,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများ အဆိုပြုလျာထားရန် မြို့နယ်စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ရေး ကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား လက်ဝယ်အရောက် လိုက်လံထောက်ပံ့
Aug 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊မေ၊ဇွန်)လများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အကျိုးခံစားခွင့်ရှိသူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မင်းလှမြို့နယ်ရှိ ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချပေး
Aug 18,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ယနေ့နံနက်ပိုင်း က မိုလ်ဘိုင်းကားဖြင့် အမှတ်(၆)ဈေးချိုတန်းလမ်း၊ မြို့လယ်ဓမ္မာရုံရှေ့၌ အခြေခံစားကုန် ဆန်တစ်ပြည်လျှင် (၁၆၀၀)ကျပ်နူန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့တွင် မျောက်ကျောက်ရောဂါအသိပညာပေး နံရံကပ်စာစောင်ပြသ
Aug 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မိုင်းငေါ့မြိုတွင် မျောက်ကျောက်ရောဂါ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံပေး
Aug 18,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေး ထိုးကွင်းဆင်းအဖွဲ့များက ဩဂုတ် ၁၅ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20262
Page
20263
Page
20264
Page
20265
Current page
20266
Page
20267
Page
20268
Page
20269
Page
20270
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department