သတင်းများ

တောင်ကြီးမြို့တွင် စားသုံးဆီများ ဈေးနှုန်းချိုသာစွာရောင်းချပေး
Aug 16,2022
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်နေထိုင်ကြသော မိဘပြည်သူများ နေ့စဉ်မသုံးမဖြစ် အသုံးပြုနေရသည့် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက်
ပုလောမြို့၌ ဆရာ/ဆရာမများနှင့် အသက်၁၂နှစ်မှ၁၈နှစ်အထိ ကျောင်းသား/သူများအား Booster ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး
Aug 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌ ဆရာ/ဆရာမများနှင့် အသက်၁၂နှစ်မှ ၁၈နှစ် ထိကျောင်းသား/သူများအား Booster ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း နဝရတ်ခန်းမတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အမာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေးဟော‌ပြောပွဲ ကျင်းပပြုလုပ်
Aug 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌  မူးယစ်ဆေးဝါးနှင့် စိတ်ကို‌ပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟော‌ပြောပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်သင်တန်း အမှတ်စဉ်(၃/၂၀၂၂) သင်တန်းဖွင့်ပွဲကျင်းပ
Aug 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း အမှတ်စဉ်(၃/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က အဆိုပါ ဦးစီးဌာန၊ နေပြည်တော် ယာဉ်မောင်းစစ်ဆေးရေးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
မူဆယ်မြို့ ဓာတ်ဆီဆိုင်အချို့တွင် ဓာတ်ဆီများ ပုံမှန်ရောင်းချ
Aug 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့  ဓာတ်ဆီဆိုင်အချို့တွင် ဓာတ်ဆီများကို ယမန်နေ့  နံနက်ပိုင်းမှစ၍  ပုံမှန်ရောင်းချပေးလျက်ရှိကြောင်း
ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Aug 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၉ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကွတ်ခိုင်မြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နံရံကပ်၊ ဓာတ်ပုံ၊ စာအုပ်၊ စာစောင် ပြပွဲကျင်းပ
Aug 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီ အချိန်က နံရံကပ်၊ ဓာတ်ပုံ၊ စာအုပ်၊ စာစောင်ပြပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့၍ မြို့ပေါ်ရပ်ကွက်များတွင် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီးနောက် ကျန်ရှိခဲ့သော ရွှံနွံများနှင့် အမှိုက်များအား စုပေါင်းရှင်းလင်းဆောင်ရွက်
Aug 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မိုးသည်းထန်ရွာသွန်းခဲ့၍ ရပ်ကွက်များတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီးနောက် ကျန်ရှိနေသောရွှံနွံနှင့် အမှိုက်များအား ဩဂုတ် ၁၅ ရက် နံနက် ၇ နာရီခွဲတွင် တာဝန်ရှိသူများက စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။