သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Aug 21,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၀ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
လက်ပံတန်းမြို့၌ စိုက်ပျိုးရေးနည်းပညာပေး မွမ်းမံသင်တန်း ဖွင့်လှစ်
Aug 21,2022
ပဲခူးတိုင်းဒသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ စပါးသီးနှံ၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်မှုအတွက် ဝန်ထမ်းများနှင့် တောင်သူများအား နည်းပညာပေးမွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်းက ချမ်းသာကုန်းကျေးရွာ စိုက်ပျိုးရေးပညာပေးစခန်း၌ ဖွင့်လှစ်သည်။
အုတ်ဖိုမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က ဂုံညင်တန်းတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာ၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မိုးသည်းထန်ရွာသွန်းမှုကြောင့် နမ့်လပ်ချောင်း ဘောင်ရေလျံခြင်းနှင့် ချောင်းဘောင်များကျိုးပေါက်ခြင်း နေရာအားသွားရောက် ကြည့်ရှု
Aug 21,2022
သြဂုတ်လ (၁၃)ရက်နေ့ ကျိုင်းတုံမြို့တွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် နမ့်လပ်ချောင်း ဘောင်ရေလျံခြင်းနှင့် နမ့်လပ်ချောင်း ဘောင်များကျိုးပေါက်ခြင်းနေရာအား သြဂုတ်(၁၉)ရက် နံနက်(၁၀)နာရီခွဲက အဆိုပါနေရာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုကြရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ကလိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့သည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ-၄ ပန်းခင်းစီမံချက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်
Aug 21,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ-၄ ပန်းခင်းစီမံချက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို သြဂုတ်(၂၀)ရက် မွန်းတည့်(၁၂)နာရီက မိုင်းလားမြို့ တိုင်းရင်းသားကွင်း၌ ကျင်းပသည်။
ကျောင်းသားကျောင်းသူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပ
Aug 21,2022
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသားကျောင်းသူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ဩဂုတ်၂၁ ရက် ၊ နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မက်မန်းမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကျင်းပ
Aug 21,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့၌ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ အချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Aug 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်နှင့် အဖွဲ့ဝင်များသည် ပေါက်ခေါင်းမြို့နယ် ကျေးရွာများ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းနှင့်‌ကျေးလက်ရေရရှိရေး လုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။