သတင်းများ

ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်
Aug 18,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့် အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နေ့လည် ၂ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လေဘေးသင့်အိမ်ထောင်စုထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
နမ့်စန်တွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားလျက်ရှိသည့် နေအိမ်နှင့်အနီး ပတ်ဝန်းကျင်ရှိနေအိမ်များအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသည့် ပတ္တမြားကျေးလက် ကျန်းမာရေးဌာန၊ မြရတနာကျေးလက် ကျန်းမာရေးဌာနခွဲအပိုင်ရှိ အောင်စည်းခုံဘုရားလမ်းတွင် နေထိုင်သော သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံတတ်ရောက်ကုသလျက်ရှိသည့် မောင်ဟိန်းပြည့်ဇော် (၄)နှစ်၏ နေအိမ်နှင့် အနီးပတ်ဝန်းကျင်ရှိနေအိမ်များအား Case abate (အဘိတ်ဆေး) ခပ်ခြင်းနှင့် Fogging (ခြင်ဆေး) ဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ပြီးပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများအား ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်
Aug 18,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ယမန်နေ့ နံနက်(၁)နာရီအချိန်ခန့်မှစ၍ နံနက်(၅)ကျော်အချိန်အထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်သဖြင့် မြို့ပေါ်ရပ်ကွက်များမှ စာသင်ကျောင်း အချို့မှာ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါပြီး ကျောင်းများပိတ်ထားခဲ့ရာ ယနေ့တွင် ရေများပြန်ကျသွားပြီဖြစ်သဖြင့်
သဲကုန်းမြို့နယ် တိုင်းရင်းဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းကုသ
Aug 18,2022
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အ.မ.က ညောင်ကုန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသ၍ ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလူငယ်များ အသက်မွေးဝမ်းကြောင်းအထောက်ကူပြု ဇာထိုး၊ ပန်းထိုး သင်တန်းဖွင့်လှစ်
Aug 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးလက်နေလူငယ်များ အသက်မွေးဝမ်းကြောင်းအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဇာထိုး၊ ပန်းထိုးသင်တန်းကို ဩဂုတ်လ (၁၁)ရက်နေ့မှစ၍ သင်ကြားပေးလျက်ရှိရာ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ သင်တန်းကိုပို့ချပေးလျက်ရှိသည်။
မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်
Aug 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများနှင့် (Book Club) အဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာ မောင်ရင့်ကျူး(မြောင်းမြ) ရေးသားထားသည့် “စောင့်လေမျိုးနွယ်နှင့် အမျိုးသားယဉ်ကျေးမှုဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်
Aug 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ အဖက်ဖက်မှ ဘက်စုံထူးချွန်ဖွံဖြိုးရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။