သတင်းများ

မြောက်ဦးမြို့နယ်အတွင်းရှိ ရေဘေးပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး
Aug 19,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ရေဘေးပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကို တောင်ရပ်ရပ်ကွက် မော်တော်ဘုတ်ဆိပ်၊ သင်္ဘောဆိပ်၊ အဝေးပြေးကားဂိတ်၊ လူများစုဝေးရာ လမ်းသွားလမ်းလာနေရာများ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိ ရသည်။
မိုင်းရယ်၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နှာခေါင်းစည်းဝတ်ဆင်ရေး စည်းရုံးလှုံ့ဆော်မှုပြုလုပ်
Aug 19,2022
မြန်မာနိုင်ငံတွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.2.75၊ BA.4၊ BA.5 ကူးစက်မှုများ တွေ့ရှိနေရပြီး မိုင်းရယ်မြို့နယ် ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ရေးစည်းကမ်းများနှင့်အညီ သွားလာနေထိုင်ရန်အတွက်
ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆွေးနွေးပွဲအား ယနေ့နံနက် (၉:၀၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် ပလပ်စတစ်သုံးစွဲမှုလျော့နည်းစေရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Aug 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ပလပ်စတစ်သုံးစွဲမှုလျော့နည်းစေရေးအသိပညာ ပေးဆွေးနွေးပွဲ
မန်တုံမြို့နယ်၌ မိုးရာသီနှင့်ကျန်းမာရေးသိကောင်းစရာ အသိပညာပေး (Talk Show )ဆောင်ရွက်
Aug 19,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က မိုးရာသီနှင့်ကျန်းမာရေး သိကောင်းစရာအသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းတွင် စာဖတ်ဝိုင်း ကျင်းပ
Aug 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အားပါတဲ့စေတနာစကားများ”စာအုပ်ဖြင့်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရေဝင်နှစ်မြှုပ်လျက်ရှိသော ရပ်ကွက်များရှိ ပြည်သူများအား နေ့လယ်စာ စားသောက်ဖွယ်ရာများ လှူဒါန်းပေး
Aug 19,2022
ရန်ကုန်တိုင်းဒေသကြီးတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှု​ကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ အမှတ် (၆)၊(၁၁)၊(၁၄) ရပ်ကွက်များတွင်လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်ရာ ၎င်းရပ်ကွက်ရှိ ပြည်သူများအတွက်‌ နေ့လယ်စာ စားသောက်ဖွယ်ရာများဖြစ်သော ထမင်း၊ ဟင်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့မွန်းတည့်ချိန်(၁၂)နာရီအချိန်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေပေးအပ်ပွဲ အခမ်းအနားနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အစီအစဉ်များသို့ တက်ရောက်
Aug 19,2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေး ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ အဘိုး၊ အဘွားများ၊ စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။