သိန္နီမြို့နယ်၌ စိုက်ပျိုးရေးတောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး
Aug 19,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ၏ စိုက်ပျိုးစရိတ်များ အဆင်ပြေစွာအသုံးပြုနိုင်ရေး၊ သီးနှံအထွက်တိုးရေးနှင့် စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးတောင်သူများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ လားရှိုးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယမန်နေ့မွန်းလွဲပိုင်းအချိန်က သိန္နီမြို့၊ မြို့တော်ခန်းမတွင် ထုတ်ချေးပေးခဲ့သည်။