မော်လမြိုင်မြို့၌ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းနိုင်ရန်အတွက် စုပေါင်းအမှိုက်ကောက်ပွဲ ပြုလုပ်
Aug 21,2022
မော်လမြိုင်မြို့တွင် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းနိုင်ရန် အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကာ ဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့သည် မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် စွန့်ပစ်အမှိုက် များကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမှ ကာကွယ်နိုင်ရန် အသိပညာပေးအနေဖြင့် ယမန်နေ့ မွန်ပြည်နယ် ပေါင်မြို့နယ် ဆင်ရွာကျေးရွာဆင်ရွာရေတံခွန် ၌ စနစ်တကျ အမှိုက်များ စွန့်ပစ်ရေး လူထုလှုပ်ရှားမှု စုပေါင်းဆောင်ရွက်ခဲ့ခြင်းနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင် များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။