သတင်းများ

ပဲခူးမြို့တွင် ကျန်းမာရေးမှူး(၄)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Aug 21,2022
ကျန်းမာရေးမှူး (၄)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
တာမွေမြို့နယ်တွင် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများအား စျေးနှုန်းချိုသာစွာ ရောင်းချ
Aug 21,2022
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများအား စျေးနှုန်းချိုသာ စွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Six Winner Brothers Co.,Ltd. မှ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် လက်ဝဲမင်းဒင်လမ်းတွင် ( Mobile Market ) ဖွင့်လှစ်၍ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများအား စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြသည်။
တံတားဦးမြို့နယ် ပြူကန်ကျေးရွာတွင်(၁၀)တန်းသွား မျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ
Aug 21,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းပြီး ပြူကန်ကျေးရွာတွင် (၁၀)တန်းသွား မျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီက ကွင်းအမှတ်(၁၃၄၀) ပြူကန်ကွင်း တောင်သူ ဦးဝင်းချိုလယ်၌ ကျင်းပကြောင်း သိရသည်။
ရွှေကျင်မြို့နယ်၌ ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန်(၁)ပြည် (၁၆၀၀) ကျပ်နှုန်းဖြင့် ရောင်းချ
Aug 21,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ရွှေကျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန်(၁) ပြည်လျှင် (၁၆၀၀)ကျပ်နှုန်းဖြင့် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Aug 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးသူငယ်များအား ရရှိရထိုက်သော အခွင့်အရေးများနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့က ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေး ဆွေးနွေးပွဲဆောင်ရွက်
Aug 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ယမန်နေ့နံနက်ပိုင်းက ဥယျာဉ်တော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာ၌ အသိပညာ ပေးဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ U-16 (အမျိုးသား) အသင်းနှင့် U-18 (အမျိုးသမီး) အသင်း ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ
Aug 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား ကျောင်းပေါင်းစုံ U-16 (အမျိုးသား) အသင်းနှင့် U-18 (အမျိုးသမီး)အသင်း ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို၊ ယမန်နေ့ ညနေ(၅)နာရီက မြို့နယ်အားကစားကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်တွင် ရှားပါးမျိုးစိတ် စာရင်းဝင် မြန်မာ့ကြယ်လိပ် ၂၀၇၂ ကောင်အထိ ပေါက်ပွား
Aug 21,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်ရှိ ရှားပါးမျိုးစိတ် စာရင်းဝင်မြန်မာ့ကြယ်လိပ်များ ၂၀၇၂ ကောင်အထိ မျိုးပွား၍ ပေါက်ဖွားလာကြောင်း ရွှေစက်တော် ဘေးမဲ့တောဥယျာဉ် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထံမှ သိရသည်။