ကျောက်ဆည်မြို့နယ်တွင် မြေပဲ(၅၇၇)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ (၉၆)ဧက စိုက်ပျိုးပြီးစီး
Aug 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံ အမျိုးမျိုး စိုက်ပျိုးလျက်ရှိကြောင်းနှင့် မြေပဲသီးနှံ(၅၇၇)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ တိုက်နယ်(၁) တွင် (၅၂)ဧက၊ တိုက်နယ်(၂)တွင် (၂၉)ဧက၊တိုက်နယ်(၁၂)တွင် (၁၅)ဧက၊ စုစုပေါင်း(၉၆)ဧက စိုက်ပျိုး ပြီးစီးကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။