သတင်းများ

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)မှ ကလေးပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း
Aug 20,2022
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)မှ ဒေါက်တာ နီနီအေးနှင့် တာ၀န်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကလေးပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
တောင်ကြီးမြို့နယ် Mobile TB Team အဖွဲ့မှ ကျောက်တလုံးကြီးမြို့တွင် တီဘီရောဂါ (အခမဲ့)ကွင်းဆင်းကုသပေးခြင်းနှင့် အသိပညာ‌ပေးခြင်းလုပ်ငန်းများဆောင်ရွက်
Aug 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် The Union အဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သည့် တီဘီရောဂါရှာဖွေတွေ့ရှိမှုနှုန်းမြှင့်တင်ရေးစီမံချက်ဖြင့် ဒေါက်တာအိအိချော ဦးဆောင်သော တောင်ကြီးမြို့နယ် Mobile TB Team အဖွဲ့နှင့် ကျောက်တလုံးကြီး မြို့ ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး တိုက်နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် (၉)နာရီခန့်က တီဘီရောဂါ(အခမဲ့) ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်၌ မြို့မဈေးမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Aug 20,2022
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက်  ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် ဈေးဆိုင်ခန်းများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကျိုင်းတုံမြို့နယ်တွင်  စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် အခြင်အတွယ်၊ အရည်အသွေး သတ်မှတ်သတ်မှတ်စံချိန်စံညွှန်းအတိုင်းရောင်းချစေရေး ပုဂ္ဂလိကစက်သုံးဆီဆိုင်များအား ရှောင်တခင်စစ်ဆေး
Aug 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အခြင်အတွယ်နှင့်အရည်အသွေး သတ်မှန်စံချိန်စံညွှန်းအတိုင်း ရောင်းချစေရေးအတွက် တာဝန်ရှိသူများက ပုဂ္ဂလိကစက်သုံးဆီဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၌ ပြည်သူများအတွက် စားအုန်းဆီများအား သက်သာ​သော​​စျေးနှုန်း ​ဖြန့်ဖြူးရောင်းချ
Aug 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဉ်လမ်းညွှန်မှုဖြင့် မရမ်းကုန်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စာသုံးသူရေးရာ ဦးစီးဌာတို့ ပူးပေါင်း၍ MEICO စားသုံးဆီ အများပိုင်ကုမ္ပဏီ လီမီတက်က ယမန်နေ့ မွန်းလွဲပိုင်းတွင်  စားသုံးသူ ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်ဒေသခံပြည်သူများ စျေးနှုန်းချိုသာစွာ ဆန်ဝယ်ယူစားသုံးနိုင်စေရေးအတွက် ဆန်များရောင်းချပေး
Aug 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ဒေသခံပြည်သူများအနေဖြင့် စျေးနှုန်းချိုသာစွာ ဆန်ဝယ်ယူစားသုံးနိုင်စေရေးအတွက် ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေကြီး(အရှေ့) ဆန်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဆန်ဝယ်လိုသူတိုင်း မည်သူမဆို ဆန်တစ်ပြည်လျှင် (၁၆၀၀)ကျပ်နှုန်းဖြင့် ယနေ့နံနက်ပိုင်းက မြို့မစျေးကစတင်ကာ ရောင်းချပေးနေလျက်ရှိကြောင် သိရသည်။
စဉ့်ကူးမြို့နယ် တောင်အင်းကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၆)ခု ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်
Aug 20,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား မြို့နယ်ဌာနဆိုင်ရာ ၁၆ ခုပါဝင်သောအဖွဲ့ဖြင့် ​ယမန်နေ့ နံနက်(၉)နာရီမှစ၍ စဉ့်ကူးမြို့နယ် တောင်အင်းကျေးရွာအုပ်စု၊ တောင်အင်းကျေးရွာတွင်  မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မိုင်းပျဉ်းမြို့၌ ငလျင်နှင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်
Aug 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ငလျင်နှင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး Talk Show ရိုက်ကူးဆောင်ရွက်မှု အစီအစဉ်ကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။