၂၀၂၂-ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 20,2022
ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ဘတ်စကက်ဘောအားကစားနည်းအား အိမ်ရှင်အဖြစ်လက်ခံပေးခြင်းဖြင့် ပြည်သူများမှ ဘတ်စကက်ဘောအားကစားနည်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်စားလာပြီး ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့လက်ရွေးစင်အားကစားသမားများ အင်အားဖြည့်တင်းနိုင်မည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာ၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန်ရည်ရွယ်၍ ကျင်းပမည့် ၂၀၂၂-ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။