သတင်းများ

စလင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား အကန့်အသတ်ဖြင့် ရောင်းချခြင်းများ ရှိ/မရှိ ကွင်းဆင်းကြီးကြပ်စစ်ဆေး
Aug 23,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မြို့နယ်တာဝန်ရှိ စစ်ဆေးရေးအဖွဲ့က ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား အကန့်အသတ်ဖြင့်ရောင်းချခြင်းများ ရှိ/မရှိနှင့် ရောင်းချမှုအခြေအနေအား ကွင်းဆင်းကြီးကြပ် စစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ မူခင်းကျဆင်းရေးနှင့်လူကုန်ကူးမှု အသိပညာပေးဟောပြော
Aug 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သရက်တပင်အုပ်စု၊ သရက်တပင် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများကို မူခင်းကျဆင်းရေးနှင့် လူကုန်ကူးမှုအသိပညာပေး ဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ပြုလုပ်ခဲ့သည်။
ကန့်ဘလူ၌ ကလေးငယ်များအား ဗီတာမင် A ၊သန်ချဆေးများ ဆက်လက်တိုက်ကျွေး
Aug 23,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ကန့်ဘလူမြို့ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်မှ အသက် ၆ လမှ ၅ နှစ်ထိကလေးငယ်များအား ဗီတာမင် A၊ သန်ချဆေးများကို ဩဂုတ် ၂၃ ရက်နံနက် ၉ နာရီက ဆက်လက်တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ
Aug 23,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က အလုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာရေးဆရာ ချစ်စံဝင်း၏ သားထံပေးစာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Aug 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နမ့်စန်တပ်နယ်၏ ၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၇ နာရီက
ကျိုက်မရောမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး
Aug 23,2022
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ် (ခွဲ) ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ယမန်နေ့နံနက် ၉ နာရီမှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၌ တိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေအား ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု
Aug 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက် Myanmar Convention Centre (MCC)၌ ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျှက်ရှိသည်။
အိမ်မဲမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးအပိုထပ်ဆောင်းအနေဖြင့် ထိုးနှံပေးလျက်ရှိ
Aug 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင်မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်မှပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုထပ်ဆောင်းအနေဖြင့် ဩဂုတ်လ ၁၉ ရက် နံနက် ၉ နာရီမှစတင်ကာ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။