သတင်းများ

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ပနီတွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း-ခွဲ သို့ သောက်သုံးရေလှူဒါန်း
Aug 23,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော တောင်ဇင်းတိုက်နယ် ပနီတွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း-ခွဲ သို့ ယနေ့နံနက် (၁၀)နာရီအချိန်က ဝေမျှခြင်းပရဟိတ(ရန်ကုန်)မှ သောက်သုံးရေသွားရောက်လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
ရွှေတောင် ​မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Aug 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ် ဇီးချောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ၆၀’×၃၀’×၁၂’ ရှိ စာသင်ဆောင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Aug 23,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဇီးချောင်းကျေးရွာအုပ်စု ဇီးချောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ၆၀’×၃၀’×၁၂’ ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စာသင်ဆောင်ဆောင်လုပ်နေမှုအား ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး (Talk Show) ကျင်းပခြင်း
Aug 23,2022
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိသင့်သိထိုက်သည်များကို အများပြည်သူသိရှိစေရန်ရည်ရွယ်၍ အသိပညာပေး (Talk Show) ကျင်းပဆောင်ရွက်မှုကို ယနေ့နံနက် (၁၀)နာရီက ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre)တွင် ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုဒေသတွင် စီးပွားဖြစ်နနွင်းတိုးချဲ့စိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်း
Aug 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် ယခင်က နနွင်းကို စီးပွားဖြစ်စိုက်ပျိုးမှုများမရှိခဲ့ကြသော်လည်း ယမန်နှစ်က နနွင်းတက်အခြောက်များ စျေးကောင်းရရှိခဲ့၍ ယခုနှစ်တွင် ဒေသခံတောင်သူများက စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာ လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲဆောင်ရွက်
Aug 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အထက ကျွဲခြံကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်
Aug 23,2022
ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်က လမင်းတစ်ရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် အင်းနက်ကျေးရွာတွင် ကျေးရွာမတည်စီမံကိန်း( VRFP )ရန်ပုံငွေ ကွင်းဆင်းထုတ်ချေး
Aug 23,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် မုန်းဇလဲ ကျေးရွာအုပ်စု၊ အင်းနက်ကျေးရွာတွင် ကျေးရွာနေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေးရွာ မတည်ရံပုံငွေစီမံကိန်း (VRFP) စီမံကိန်းချေးငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။