သတင်းများ

ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစိမံကိန်း (ဆီထွက်သီးနှံ ဆောင်းနေကြာ) စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်
Aug 23,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ ဆောင်းနေကြာ) စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဩဂုတ် ၂၃ ရက်၊ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် ဒက္ခိဏလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်
Aug 23,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဝန်ဇင်းရပ်ကွက် ဒက္ခိဏလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ် တမာချောင်ကျေးရွာအုပ်စုတွင် မြေအောက်ရေဖြင့် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်း
Aug 23,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် တမာချောင်ကျေးရွာအုပ်စုတွင် မြေအောက်ရေဖြင့် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းပြီး ကွမ်းရွက်များ ၁၅ ရက် တစ်ကြိမ် ဆွတ်ခူးရောင်းချနေရပြီး တစ်လနှစ်ကြိမ် ဆွတ်ခူးရောင်းချရကြောင်း ကွမ်းစိုက်ပျိုးရောင်းချသူထံမှ သိရသည်။
ထားဝယ်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(၉/၂၀၂၂)ဆင်းပွဲအခမ်းအနားကျင်းပ
Aug 23,2022
ထားဝယ်မြို့တွင် ဒေသထွက်ငပိအခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(၉/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကျင်းပ
Aug 23,2022
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်တွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စည်းရုံးရေးဆိုင်ကိစ္စရပ်များနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၁၉ ရက်နေ့မှစ၍ ကျေးရွာများအရောက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၁နာရီခွဲအချိန်က ကျောက်တလုံးကျေးရွာအုပ်စု ရွှေပြည့်ရှင် ကျေးရွာရှိ ရွာဦးကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား စတင်ထုတ်ပေး
Aug 23,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် (၈)နာရီအချိန်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများ သရက်ချောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ လစဉ်ပုံမှန်ထုတ်ပေး
Aug 23,2022
 မြန်မာနိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဉ်ပုံမှန်ရုံးဖွင့်ရက်(၂၁) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွား ရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကိုယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌  ကလေးငယ်များ ကာယဉာဏစွမ်းရည် မြင့်မားစေရန် ပန်းချီပြိုင်ပွဲကျင်းပ
Aug 23,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးငယ်များ ကာဉာဏစွမ်းရည်မြင့်မားစေရန် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်  ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။