သတင်းများ

Mobile Library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များငှားရမ်းပေးခြင်း ဆောင်ရွက်
Aug 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် ရပ်ကွက်များ၊ ကျောင်းများသို့ Mobile Library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဝါခယ်မမြို့နယ်အတွင်းရှိ ဆန်စက်များတွင် ဆန်၊ စပါးလက်ကျန် သိုလှောင်ထားမှု ကွင်းဆင်းစစ်ဆေး
Aug 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ဆန်စက်များအား ဩဂုတ်လ ၁၉ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ညောင်လေးပင်မြို့နယ်တွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ ကျင်းပပြုလုပ်
Aug 23,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့နံနက် ၁၀နာရီ အချိန်က ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ပွဲ အခမ်းအနား တက်ရောက်
Aug 23,2022
၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ(၂၁) ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည့် ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ  ဆုချီးမြင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊ အသင်း အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၊ တက်ရောက်ကြသည်။
စုကလိမြို့တွင် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 23,2022
စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ရာတွင် ယနေ့နံနက် ၉နာရီအချိန်တွင် ပြည်သူ့စာကြည့်တိုက် Community Centre တွင် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးရအောင်သင်ကြားပေး သောဆရာ/မ များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ
Aug 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ပညာ့ဗိမာန်ခန်းမတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ အောင်ချက်အကောင်း ဆုံးကျောင်းများနှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပေးသော ဆရာ/မ များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို 20 ရက်နေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်များပုံမှန်ထုတ်ပေး
Aug 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအား ပင်စင်လစာများကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ် ရေကြီးခဲ့သည့်ကျေးရွာများတွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်
Aug 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများတွင်၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်အရ ကျွဲနွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ရေးအတွက် သွေးဖောက်စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းများအား ယမန်နေ့နံနက်ပိုင်း က ခရမ်းမြို့နယ် ဘိုကလေးကျေးရွာအုပ်စု၊ ဘိုကလေးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။