သတင်းများ

ကျိုက်မရောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ
Aug 24,2022
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ နံရံကပ် စာစောင်ပြသပွဲကို ယနေ့နံနက် ၁၀ နာရီက အ.မ.က.(မူလွန်) ကလိုင်းကနိုင်ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့
Aug 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ငွေကြေးထောက်ပံ့ခြင်းကို မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ဒီရေတောဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ပြုလုပ်
Aug 24,2022
ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းပြီး  ဒီရေတောဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး  အသိပညာပေး Talk Show ကို ပုသိမ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်(၁၁:၃၀) အချိန်က ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ တိရစ္ဆာန်များ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး သင်တန်းဖွင့်လှစ်ပို့ချ
Aug 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ မွေးမြူရေးကဏ္ဍ ဖွံဖြိုး တိုးတက်စေရေး ရည်ရွယ်၍ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အစိပ်တော်ကမံကျေးရွာအုပ်စု၊ တော်မှတ် ကျေးရွာရှိ ပေါ်တော်မူဘုရားတန်ဆောင်းဝန်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရွှေကူမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်း
Aug 24,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက် အကူပြုစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး မိသားစုဝင်ငွေ တိုးပွားရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ဩဂုတ် ၂၁ ရက်ညနေ ၃ နာရီ ခန့်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ် ငါးရွာအုပ်စု၌ မိုးစပါးတစ်ဧကတင်း (၁၀၀) ထွက်ရှိရေး ဧက(၁၀၀)စံပြကွက်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 24,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေ၀င်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ညနေ ၄နာရီခွဲ က ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၊ ငါးရွာကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ထားရှိသော တစ်ဧကတင်း(၁၀၀) ထွက်ရှိရေး မိုးစပါးဧက(၁၀၀)စံပြကွက် မြေဩဇာကြဲပက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဇီယျာဆန်(၁)ပြည်လျှင် (၁,၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချ
Aug 24,2022
နွမ်းပါးပြည်သူများ၏ စားဝတ်နေရေး ချောင်ချိသက်သာစေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းမှ ယနေ့နံနက်ပိုင်းတွင် ဘိုကလေးမြို့ အမှတ်(၈)ရပ်ကွက်၌ ဇီယျာဆန်(၁)ပြည်လျှင် (၁,၅၀၀) ကျပ်နှုန်းဖြင့် လူ(၁)ယောက်လျှင် ဆန်(၂)ပြည်နှုန်းဖြင့် သွားရောက်ရောင်းချပေးခဲ့သည်။
အလုံမြို့နယ်တွင် အခြေခံပညာအဆင့် ကျောင်းသား၊သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Aug 24,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ကာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ၅နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၁၃၃)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။