သတင်းများ

တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Mar 25,2022
ရန်ကုန်တိုင်းဒေသကြီး၊  တောင်ပိုင်းခရိုင်၊  တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community   Centre)  ခန်းမတွင်   မြို့စာကြည့်တိုက်ကြီးကြပ်မှု   ကော်မတီမှ စာကြည့်တိုက်များ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Mar 25,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုံးပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း စုရပ်နေရာများအလိုက် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Mar 25,2022
ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန် နှင့်ငါးသယံဇာတများတိုးပွားပြီးငါး ရိက္ခာဖူလှုံစေရန် ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများစိုက်ထည့်ပေးလျှက်ရှိရာ ဧရာဝတီတိုင်း ဒေသကြီး၊ ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တက်ဆိပ်ဂရန်အင်းများ အတွင်းသို့ ငါးမြစ်ချင်းကောင်ရေတစ်သိန်းခွဲ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်ကငါး သိုင်းချောင်းမြို့၊ တက်ဆိပ်ကျေးရွာ၊ ဂရန်အင်းများအတွင်း၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ပေး
Mar 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်‌‌ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြား စတင်ထုတ်ပေး
Mar 25,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၁-၂၂၀၂ ပညာသင်နှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများ ယမန်နေ့နံနက် ၉ နာရီ အချိန်ကစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနတွင် ထုတ်ပေး နေပြီ‌ဖြစ်‌ကြောင်း သိရသည်။
ချောက်မြို့နယ်အားကစားကွင်း၌ ​နွေရာသီအားကစားသင်တန်းများဖွင့်လှစ်
Mar 25,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့၌​ အားကစားနှင့်လူငယ်​ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီ​ကျောင်းပိတ်ရက်တွင် လူငယ်များအား မြို့နယ်အားကစားကွင်း၌ ​နွေရာသီ အားကစားသင်တန်းများကိုမတ်လ ၂၁ရက်​နေ့က စတင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ်၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ပေး
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ရက်နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့် ကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာစာစစ်ဌာန (၁၃)ခုတို့တွင်ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။
မင်းလှ၌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ရ မဟာထေရ်မြတ်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ပြုလုပ်
Mar 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လက်ဆက်အုပ်စု၊ စိန်ကန့်လန့်ကျေးရွာရှိ စိတ္တသုခဘုန်း‌တော်ကြီသင်ပညာရေး မူလတန်းလွန်ကျောင်းတိုက်တွင် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဓမ္မပိယ မဟာထေရ်မြတ်အား ထပ်ဆင့်ဂုဏ်ပြုချီး‌မြှောက်ပူဇော်ခြင်းအခမ်းအနားကို   ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။