ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ရေကြည် မတ် ၂၅

ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန် နှင့်ငါးသယံဇာတများတိုးပွားပြီးငါး ရိက္ခာဖူလှုံစေရန် ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများစိုက်ထည့်ပေးလျှက်ရှိရာ ဧရာဝတီတိုင်း ဒေသကြီး၊ ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တက်ဆိပ်ဂရန်အင်းများ အတွင်းသို့ ငါးမြစ်ချင်းကောင်ရေတစ်သိန်းခွဲ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်ကငါး သိုင်းချောင်းမြို့၊ တက်ဆိပ်ကျေးရွာ၊ ဂရန်အင်းများအတွင်း၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးမျိုးမြင့်အောင်နှင့် ကော်မတီဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဘိုဘိုထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးဦးမျိုးလွင်နှင့် ဝန်ထမ်းများ၊ ရေလုပ်သားများတက်ရောက် ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲတွင် ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့်  ငါးမြစ်ချင်းငါးသား ပေါက်ကောင်ရေ(၁)သိန်းခွဲကိုဂရန်အင်းများအတွင်းစိုက်ထည့်ခဲ့ကြောင်းသိရသည်။

အောင်သူဟန် (ပြန်/ဆက်)