ချောက်မြို့နယ်အားကစားကွင်း၌ ​နွေရာသီအားကစားသင်တန်းများဖွင့်လှစ်

ချောက် မတ်၂၅

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့၌​ အားကစားနှင့်လူငယ်​ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီ​ကျောင်းပိတ်ရက်တွင် လူငယ်များအား မြို့နယ်အားကစားကွင်း၌ ​နွေရာသီ အားကစားသင်တန်းများကိုမတ်လ ၂၁ရက်​နေ့က စတင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ချောက်မြို့နယ်အားကစားကွင်း၌ ​လူငယ်များကို အားကစားသင်တန်းများဖြင့် ​နွေရာသီ​ကျောင်းပိတ်ရက်အား အကျိုးရှိရှိအသုံးချနိုင်ရန်၊ အားကစားအ​ခြေခံရှိသော မျိုးဆက်သစ်ကစားသမား ပေါ်ထွက်လာစေရန်၊ ကိုဗစ်-၁၉ ကာလအတွင်း အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ခံစွမ်းအားများ မြင့်မားစေရန်ရည်ရွယ်၍ နွေရာသီ အားကစား သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ဖွင့်လှစ်ပေးသည့် အားကစားနည်းများမှာ ဘောလုံး၊ ဘော်လီဘော၊ လက်ဝှေ့၊ ဘတ်စကတ်ဘော စသည့် အားကစားနည်း(၄)မျိုးဖြစ်ပြီး မတ်လ၂၁ရက် မှ ဧပြီလ ၆ရက်အထိ ​နေ့စဉ် ည​နေ၄နာရီမှ ၆နာရီအထိ သင်တန်းနည်းပြဆရာများက သင်ကြားပို့ချပေးလျက်ရှိကြောင်း သင်တန်းသို့ စိတ်ပါဝင်စားသူ မည်သူမဆို​ချောက်မြို့နယ် အားကစားကွင်းသို့ လာ​ရောက်စာရင်း​ပေးသွင်း၍ သင်တန်းတက်​ရောက်နိုင်​ကြောင်း​ ချောက်မြို့နယ် အားကစားမှူး ဦး​​ဇော်လင်း​အောင်​ပြောကြားချက်အရ သိရသည်။

ကျော်မိုး(ပြန်/ဆက်)