မင်းလှမြို့တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ပေး

မင်းလှ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်‌‌ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား ဘာသာတွဲအလိုက် သတ်မှတ်ထားတဲ့အရောင်များဖြင့် စာမေးပွဲဖြေဆိုချိန်မတိုင်မီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဖြေဆိုခွင့်ကတ်ထုတ်ယူရာတွင် အတွင်းဖြေကျောင်းသားကျောင်းသူများက မိမိတို့၏ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူနိုင်ပြီး အပြင်ဖြေကျောင်းသားကျောင်းသူများက မိမိတို့ဖြေဆိုရမယ့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံတွင် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ  ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်‌ကြောင်း၊  မင်းလှမြို့တွင်စာမေးပွဲဖြေဆိုကျင်းပရန် အ.ထ.က မင်းလှ (မြို့တွင်း)၊ အ.ထ.က မင်းလှ(မြို့ပြင်)နှင့် အ.ထ.က စစ်ကွင်းစာစစ်ဌာနတို့ စီစဉ်ထားရှိပြီး စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူပေါင်း ၇၉၂ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါက်စ( မင်းလှ)