သတင်းများ

တောင်တွင်းကြီးမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Mar 24,2022
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် နေ့ထူးနေ့မြတ်များ သိရှိစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများနှင့် လူစည်ကားသည့် နေရာများတွင်အခမဲ့ ဖြန့်ဝေပေး ခဲ့သည်။
ပြင်ဦးလွင် မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ လက်ကမ်းစာစောင်ဖြန့်ဝေ
Mar 24,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်ကြီး (၅) စန္ဒာလမ်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်နှင့် ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော် နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများသို့ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် အခွန်လွတ်စျေးတွင် ရှိသော ပြည်သူများ၊ ဌာန ဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများကို လက်ကမ်းစာ​စောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် မြစိမ်းရောင်(အသားကဏ္ဍ)လည်ပတ်ရန်ပုံငွေလက်ဆင့်ကမ်းပေးအပ်
Mar 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မြစိမ်းရောင် (အသားကဏ္ဍာ) လည်ပတ်ရန်ပုံငွေ လက်ဆင့်ကမ်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ဥတ္တရသီရိမြို့နယ် သရက်တော ကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေး စင်တာတွင်ကျင်းပသည်။
သထုံမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show)ကျင်းပ
Mar 24,2022
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအား ဆန်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးများ‌ ထောက်ပံ့ပေးအပ်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်  မွေးလုံးကျေးရွာအုပ်စု၊ မွှေးလုံး ကျေးရွာ၌ (၂၂.၃.၂၀၂၂)  ရက်နေ့တွင် ဖြစ်ပွားခဲ့​သော  လေ​ဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ  (၁) လုံးအတွက် အိမ်​ဆောက်ပစ္စည်းရန်ပုံ​ငွေ (၅၀၀၀၀)၊ လူဦး​ရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံ​ငွေ (၁၀၅၀၀)၊ စုစုပေါင်းရန်ပုံငွေ (၆၀၅၀၀)၊  Surgical Masks (၁၀)ခု တို့ကိုလည်း ကောင်းဘေးချောင်ကျေးရွာအုပ်စု၊ ထုံးဖွတ်ကုန်းကျေးရွာ၌ (၂၃.၃.၂၀၂၂)  ရက်နေ့တွင် ဖြစ်ပွားခဲ့သော  လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ  (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၀၀၀၀)၊လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၈၄၀၀)၊ စုစုပေါင်း ရန်ပုံငွေ (၆၈၄၀၀) နှင့် Masks (၈)ခုတို့ကို လည်းကောင်း၊ ယမန်နေ့ ညနေပိုင်းက ဘေးသင့်ပြည်သူများထံ​သို့ သွားရောက်ထောက်ပံ့​ ပေးအပ်ခဲ့ပါသည်။
တပ်ကုန်းမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှားတောကျေးရွာ ကုန်ထုတ်လမ်းဖွင့်လှစ်
Mar 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျေးရွာကုန် ထုတ်လမ်းဖွင့်ပွဲအခမ်းအနားကို မတ်လ၂၄ရက် နံနက် ၁၀နာရီက အဆိုပါကျေးရွာကုန်ထုတ်လမ်း မုဒ်ဦးရှေ့၌ ကျင်းပသည်။
ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား အဋ္ဌမ အသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ဆက်လက်ထိုးနှံ
Mar 24,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား အဋ္ဌမအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသော ဆေးထိုးစုရပ် နေရာများတွင် ယနေ့ နံနက်ပိုင်းက ဆက်လက်ထိုးနှံပေး လျက်ရှိသည်။