သရက်ချောင်း နိုဝင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း၌ ပါတီစုံအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို ယနေ့နံနက် ၁၀နာရီအချိန်က သရက်ချောင်းမြို့၊ (အ.ထ.က) သရက်ချောင်းကျောင်း ပညာရတနာခန်းမတွင် ဖွင့်လှစ်သင်ကြားသည်။
သင်တန်းတွင် သရက်ချောင်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်ဦးဆောင်သော သင်တန်းနည်းပြ (၄) ဦးတို့က သင်တန်းပို့ချမည့် အကြောင်းအရာ၊ ပါဝင်ရမည့်အချက်၊ ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး ၂၄ ဦးအား မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်များနှင့် လုပ်ငန်းလက်စွဲများ၊ MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းများကို နိုဝင်ဘာလ ၂၆ရက်နေ့မှ ၂၇ ရက်နေ့အထိ ၂ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည့်ဖြိုးပိုင် (ပြန်/ဆက်)