သတင်းများ

ရေဖြူမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများကြည့်ရှုနိုင်ရေး အိမ်တိုင်ရာရောက်ကွင်းဆင်းအသိပေး
Nov 26,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုနေမှုအပြင် မိမိအမည်မဲ စာရင်းပါမပါသိရှိနိုင်ရန် ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ထင်ကိုကိုနှင့်အဖွဲ့ဝင်များကွင်းဆင်း ဆောင်ရွက်ကြသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မင်းလှမြို့နယ် ဥယျာဉ်ကျေးရွာတွင် ဆိုလာရေတင် စီမံကိန်းဆောင်ရွက်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှု
Nov 26,2025
နိုင်ငံတော်အကြီးအကဲ၏လမ်းညွန်မှုဖြင့် “ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များ၏ဘေးဝဲယာရှိ စိုက်ပျိုးမြေများအား ဆိုလာစနစ်ဖြင့် ရေတင်ပြီး စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်၍ တစ်နှစ်ပတ်လုံးသီးနှံစိုက်ပျိုးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက မင်းလှမြို့နယ် ပန်းတော်ပြင်အုပ်စု ဥယျာဉ်ကျေးရွာစိုက်ပျိုးရေရရှိရေးအတွက် ဆိုလာရေတင် စီမံကိန်းဆောင်ရွက်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကလောမြို့၌မဲရုံမှူးနှင့်ဒုတိယမဲရုံးမှူးလုပ်ငန်းလမ်းညွှန်ဆိုင်ရာသင်တန်းဖွင့်လှစ်
Nov 26,2025
ရှမ်းပြည်နယ်တောင်ပိုင်း ကလောခရိုင် ကလောမြို့တွင်၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးလုပ်ငန်းလမ်းညွှန်ဆိုင်ရာ သင်တန်းကို နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်းလေးဒေသအတွင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ပစ္စည်းဖိုးငွေများ ပေးအပ်
Nov 26,2025
မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသအတွင်းရှိ နေအိမ်များပြန်လည်ပြုပြင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုကော်မတီမှ ပစ္စည်းတန်ဖိုးငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ် ဟဲယာရွာမကျေးရွာ အောင်မင်္ဂလာဘုရားဓမ္မာရုံ၌ ကျင်းပသည်။
နွားထိုးကြီးမြို့၌ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်၊ မြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီးနှင့် ရေရရှိရေး ဆောင်ရွက်လျက်ရှိ
Nov 26,2025
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊နွားထိုးကြီးမြို့တွင် နိုဝင်ဘာ ၇ ရက်မှ စတင်၍ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Nov 26,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်များဖြင့် စနစ်တကျမဲပေးတတ်စေရေး  လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အောင်သုခရပ်ကွက်နှင့် ပိတောက်ရွှေဝါရပ်ကွက်တွင်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ရွှေဇင်ယော်ရပ်ကွက်နှင့် ရွှေဟင်္သာရပ်ကွက်တို့တွင် ပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပမာဏ ကျပ်သိန်းနှစ်ရာနှင့်အထက် ထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်များထံမှ ချေးငွေအမြန်ဆုံး ပြန်လည်ကောက်ခံရရှိရေးအတွက် ဆွေးနွေးပွဲကျင်းပ
Nov 26,2025
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပမာဏ ကျပ် သိန်းနှစ်ရာနှင့်အထက် ထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်များထံမှ ချေးငွေအမြန်ဆုံး ပြန်လည်ကောက်ခံရရှိရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မင်္ဂလာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတနိုင်ငံ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Nov 26,2025
(၂၆)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်ပွဲရ ရန်ကုန် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဇနီး ဒေါ်ခင်မျိုးထိုက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဂီတ၊ သဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်မျိုးဆက်သစ်အနုပညာရှင်လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။