ကော့ကရိတ်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ကော့ကရိတ် နိုဝင်ဘာ ၂၆

ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ကော့ကရိတ်မြို့နယ်၊ လှိုင်ဝကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကော့ကရိတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက သင်တန်းဆင်းအမှာစကားပြောကြား၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီဌာန၊ ခရိုင်ဦးစီးမှူး ဦးစောကြည်လင်းက သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား/သင်တန်းသူများအား တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်လေးများ ထူထောင်လိုပါက ဌာနမှ တတ်အားသရွေ့ ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြား၍ သင်တန်းထွက်ကုန်ချောပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ကော့ကရိတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လှိုင်ဝကျေးရွာမှ တာဝန်ရှိလူကြီးများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်းအင်အား (၃၀) ဦးခန့် တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ကေ့ာကရိတ်(ပြန်/ဆက်)