အလုံ မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ ရဲတပ်ဖွဲ့၏ ဝန်ထမ်းအိမ်ယာသို့ သွားရောက်၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး ဦးဆောင်၍ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဂျာမွန်းအောင် ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် မြို့နယ်ရဲတပ်ဖွဲ့၏ ဝန်ထမ်းအိမ်ယာသို့ သွားရောက်၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေလုံသား (ပြန်/ဆက်)