ပုလောမြို့နယ်၌  မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ သတိပေးနှိုးဆော်

ပုလော  မတ်  ၂၁

တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ မုန်တိုင်းဘေးန္တရာယ်ဆိုင်ရာ သတိ ပေးနှိုးဆော်ခြင်းကို မတ်လ ၂၀ ရက်နေ့ ညနေ (၃) နာရီက ရေလုပ်ငန်း လုပ်ကိုင်နေသူများရှိရာ မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်း၍ နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မတ်လ ၁၉ ရက်နေ့ ညနေ ပိုင်း တိုင်းတားချက်များအရ အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လျက်ရှိရာ အဆိုပါလေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်လာနိုင်သောကြောင့် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် အတွင်းရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများ ပင်လယ်ပြင်သို့ ထွက်ခွာခြင်းမပြုကြရန်နှင့် မုန်တိုင်းသတိပေး နှိုးဆော်ချက် သတင်းများကို နားထောင်၍ သွားလာကြရန် သတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)