နမ္မတူ မတ် ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီခွဲအချိန်က နမ္မတူမြို့နယ်၊ မြို့မဈေးအနီး ဗိုလ်ချုပ်လမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်နီလာဝင်းနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်မြတ်သူနှင်းတို့က ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဒေသခံပြည်သူများအား နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်စေရေး၊ လက်ကို စက္ကန့် (၂၀)ကြာအောင်ဆေးကြောပါ၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေပါ၊ တတ်နိုင်သမျှ မိမိအိမ်တွင်သာနေထိုင်ပါ၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ဆိုးပါ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူပါ စသည့် အကြောင်းအရာများအား Hand Speaker ဖြင့် အသိပညာပေး၍ မြို့မဈေးအနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း တာဝန်ရှိသူထံက သိရှိရသည်။
လူမော်