ရေး မတ် ၂၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်၊ ကဗျာရွတ်ဆိုနှင့် ပုံပြောပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ၏ လက်ချောင်းလေးများ လှုပ်ရှားမှု သွက်လက်စေရန်နှင့် အရောင်အမျိုးအစားများ ခွဲခြားတက်စေရန်အတွက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပ ပြုရခြင်းဖြစ်ပြီး အစဉ်အလာကောင်းသည့် တပ်မတော်အားလေးစား ဂုဏ်ပြုသည့်အနေဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန နေ့ကလေးထိန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကလေးများအတွက် အာဟာရဖြစ်သော ပဲနို့များကို တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်