သတင်းများ

တောင်တွင်းကြီးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား လိုက်လံအသိပေးနှိုးဆော်
Apr 02,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပေးနှိုးဆော်ခြင်းကို  ယမန်နေ့က နယ်မြေမီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင်  လိုက်လံအသိပေးနှိုးဆော်ဆောင်ရွက်လျက်ရှိသည်။
ကလေးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း(၇၀၅)ဦးရှိ
Apr 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ၊ သင်္ချာဘာသာရပ်ကို အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက် ရှိပြီး ယနေ့လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၇၀၅) ဦး ရှိကြောင်းသိရသည်။
တန့်ယန်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအား ကူညီကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်
Apr 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ကူညီကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို အမှတ်(၈)ရပ်ကွက်ရှိ လေဘေးသင့် အိမ်ထောင်စုများအား ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆီဆိုင်မြို့၌ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အေရိုးဗစ်အကသင်တန်းဖွင့်လှစ်
Apr 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အေးရိုးဗစ် အကသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မှ စတင်၍ ညနေပိုင်း ၄ နာရီအချိန်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ်နှင့် ဌာနဆိုင်ရာ၀န်ထမ်းများအား တတိယအကြိမ် ( Booster Doose ) Covaxism ဆေးစတင်ထိုးနှံ
Apr 02,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အ‌ရေးပေါ်တုန့်ပြန်ကော်မတီ၊ ကျန်းမာရေးဌာနတို့ပူးပေါင်း၍ ဧပြီလမှစ၍ တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးရသေးသူ အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား  ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများအတွက် ကိုဗစ်-​၁၉ကာကွယ်ဆေး (Booster Doose ) တတိယအကြိမ် Covaxism ဆေးစတင်ထိုးနှံ‌လျက်ရှိသည်။
နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ရေး အသိပေးခြင်းဆောင်ရွက်
Apr 02,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ် မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်နိုင်ရေးအတွက် အသိပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့၏ အချက်အခြာနေရာဖြစ်သည့် မြို့အဝင်နေပြည်တော်လမ်းဆုံ ဂိတ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်
Apr 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ ဈေးတန်းရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအတွက် အာဟာရပြည့်ဝစေရေးနှင့် မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်အတွက် ထောက်ပံ့ငွေများကို  ယနေ့နံနက် ၁၀ နာရီက အိမ်တိုင်ရာများအရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။
တောင်သာမြို့နယ်အတွင်း၌ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ဆဌမအသုတ် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Apr 02,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများအား ဆဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ် (၃) နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။