ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်

မိုင်းယန်း ဧပြီ  ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ ဈေးတန်းရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအတွက် အာဟာရပြည့်ဝစေရေးနှင့် မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်အတွက် ထောက်ပံ့ငွေများကို  ယနေ့နံနက် ၁၀ နာရီက အိမ်တိုင်ရာများအရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ထောက်ပံ့ငွေများသွားရောက်ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းလှိုင်၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးနှင့် တာဝန်ရှိသူများက မိုင်းယန်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ (Maternal and Child Cash Transfer – MCCT) အကျိုးခံစားခွင့် ရရှိသော ကိုယ်ဝန်ဆောင်မိခင်(၁၀)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၁၇)ဦးတို့အား တစ်ဦး လျှင် ငွေကျပ်(၄၅၀၀၀)စီဖြင့် အိမ်တိုင်ရာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ)များအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်ဦးလျှင် ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် သုံးလစာငွေကျပ် (၄၅၀၀၀)ကို  ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အောက်ကလေးငယ်များ အဟာရပြည့်ဝရေးအတွက် ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းထူး