ဆီဆိုင် ဧပြီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အေးရိုးဗစ် အကသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မှ စတင်၍ ညနေပိုင်း ၄ နာရီအချိန်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအတွက် ကျန်းမာ ကြံ့ခိုင်မှုရရှိစေရေး၊ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရေး ရည်ရွယ်၍ အေရိုးဗစ်အကသင်တန်းကို ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)