ရွှေသောင်ယံမြို့ကမ်းခြေတွင် သင်္ကြန်အကြိုနေ့ လာရောက်အပန်းဖြေသူများ စိတ်ချမ်းသာစွာ အပန်းဖြေနိုင်ရန် တာဝန်ရှိသူများမှဆောင်ရွက်

ရွှေသောင်ယံ ဧပြီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေနှင့် ရွှေသောင်ယံအပိုင် ကျောက်မောင်နှမ ကမ်းခြေတို့၌ ယခုသင်္ကြန်အကြိုနေ့၌ လာရောက်အပန်းဖြေကြသော ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ လိုက်လံစစ်ဆေး ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ကမ်းခြေ၊ ရွှေသောင်ယံအပိုင်ဂျိုင်ကြီးကမ်းခြေ၊ ကျောက်မောင်နှမကမ်းခြေတို့၌ လာရောက်ရေကစားသူများ၊ အပန်းဖြေသူများအား ဘေး အန္တရာယ်ကင်းရှင်းစေရန်အတွက် ကြည့်ရှုစောင့်ရှောက်ပေးပြီး ကမ်းခြေဈေးဆိုင်များအား စည်းကမ်းတကျရောင်းချရန်၊ ဧည့်သည်များ စိတ်ချမ်းသာစွာ အပန်းဖြေနိုင်ရေး ဆောင်ရွက်ပေး ရန် စသည်ဖြင့် လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ကိုကိုမောင်