ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းဆောင်ရွက်

ရွှေပြည်သာ ဧပြီ ၂၇

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ အသက်(၁၈)နှစ်ပြည့်၊ အသက်(၁၀)နှစ်ပြည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် ကျန်ရှိသူများကို ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် ဝန်ထမ်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရွှေပြည်သာမြို့နယ်ရုံးတွင် “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်စို့” ဆောင်ပုဒ်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို နေ့စဉ်ပြုလုပ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နေမျိုးထွန်း