ဇလွန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်

ဇလွန်  မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်းကာ စားသုံးသူရေးရာအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာ​ပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်အေးမြင့်သိန်းက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသန့်ဇင်ဦးက ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ကုန်သည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ ထားသိုသိမ်းဆည်းမှု အညွှန်းသုံးစွဲမှုနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ပြည်တွင်းသို့ တင်သွင်းလာသည့်ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်နေရာ ညသို့မဟုတ် ပြည်ပမှ ကုန်စည်များတင်သွင်းပြီး ပြန်လည်ထုတ်ပိုးသည့်နေရာ၊ ကုန်စည်တွင်ပါဝင်သည့် ကုန်ကြမ်း ပစ္စည်း၊ အမျိုးအမည်နှင့် ပစ္စည်းများ၏ ပမာဏပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများသို့ မဟုတ်ဓာတ်မသင့်ကြောင်း ဖော်ပြသင့်သည့် ကြိုတင်သတိပေး ချက်များအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်

ဝေယံ - ဇလွန် (ပြန် / ဆက်)