အလုံ မေ ၇
ရန်ကုန်အနောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် ဦးတည်အုပ်စုများအလိုက်ထိုးနှံခြင်းကို အလုံမြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် Phrase-8 ဒုတိယအကြိမ် ထိုးနှံသူ(၁၁)ဦး ၊ Phrase-9 ဒုတိယအကြိမ် ထိုးနှံသူ (၃၀)ဦး၊ Boosterထိုးနှံသူ(၁၆၀) ဦးတို့အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ (၂၅၇၅၉)ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ (၂၄၇၃၁) ဦးနှင့် Booster ထိုးနှံပြီးသူ (၁၉၈၀)ဦးရှိပြီဖြစ်ပြီးကြောင်း သတင်းရရှိသည်။
တင်တင်ချို (ပြန်/ဆက်)